သင့်မိသားစုအတွက် တန်ဖိုးထားသည့်အရာများကို ကယ်တင်ပါ

မိသားစုအတွက် တန်ဖိုးထားသောအရာများကို ကယ်တင်ခြင်း

အမြန်အကြံပြုချက်များ

အချက်အလက်စာမျက်နှာများ

ထပ်ဆောင်းရင်းမြစ်များ

FEMA နှင့် စမစ်ဆိုနီးယမ်း သိပ္ပံတို့က ပူးတွဲပံ့ပိုးထားသော အမွေအနှစ် အရေးပေါ် နိုင်ငံတော်လုပ်ငန်းအဖွဲ့ သည် အမျိုးသားဝန်ဆောင်မှု အဖွဲ့အစည်းပေါင်း ၆၀ ကျော်ရှိနှင့် ဖယ်ဒရယ်အေဂျင်စီများကို ယဉ်ကျေးမှု အမွေအနှစ်များအား သဘာဝကပ်ဘေးဒဏ်နှင့် အခြားအရေးပေါ် အခြေအနေများမှ ကာကွယ်ရန် ဖွဲ့စည်းထားပါသည်။

ဤလုပ်ငန်းအဖွဲ့သည် အောက်ပါ လမ်းညွှန်မှုများဖြင့် သင့်မိသားစုအတွက် တန်ဖိုးထားသော အရာများကို ပြန်လည်ရယူနိုင်ရန် အကူအညီများ ကမ်းလှမ်းပါသည်။

သင့်မိသားစုအတွက် တန်ဖိုးထားသောအရာများကို ကယ်တင်ရန် ခြေလှမ်းများ

စိတ်ရှည်ပြီး ရုတ်ချည်းလုပ်ဆောင်မှုဖြင့် မိမိတို့ တန်ဖိုးထားသည့် ဓာတ်ပုံများ၊ စာများ၊ ပန်းချီကားများနှင့် အခြား အစားထိုး၍မရနိုင်သော ပစ္စည်းများကို ကယ်တင်နိုင်ပါသည်။ ဤ တစ်ဆင့်ပြီးတစ်ဆင့် ခြေလှမ်းများအတွက် လမ်းညွှန်များသည် သင်တန်ဖိုးထားသည့်အရာများကို ထိန်းသိမ်းရန်နှင့် အချိန်ယူနိုင်ရန် မည်သို့ဆက်လက် ဆောင်ရွက်သင့်ကြောင်းညွှန်ပြပေးပါမည်။

  1. ၁။ ဦးစားပေး ရွေးချယ်ပါ- သင်သည် အရာအားလုံးကို ကယ်တင်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သင့်အတွက် အရေးကြီးဆုံးအရာများ - သမိုင်းကြောင်းအရ၊ ငွေကြေးတန်ဖိုးအရ၊ နှစ်သက်မြတ်နိုးမှုအရ ရွေးချယ်အာရုံစိုက်ပါ။
  2. ၂။ နေရာပြုလုပ်ပါ- ပစ္စည်းများကို ဖြန့်ပြီး အခြောက်ခံရန် နေရာများစွာလိုပါသည်။ ဖန်တီးယူပါ- ဓာတ်ပုံများကို အသာအယာ ကလစ်နှင့် ညှပ်ပြီး အဝတ်ကြိုးတန်းတွင် လှမ်းပါ၊ ဝရန်တာမှ ပလတ်စတစ်ဇကာကွက်ကို ခုံနှစ်ခုပေါ် အပြားလိုက်တင်ပြီး အခြောက်ခံရန်နေရာ ပြုလုပ်နိုင်သည်။ အခြောက်ခံဇကာကွက်ကို ပိုက်များ ကြိုးများဖြင့်ချည်ပြီး ပိုခိုင်အောင် ထောက်ထားပါ။
  3. ၃။ သတိဖြင့် ကိုင်တွယ်လုပ်ဆောင်ပါ- သင့်မိသားစု အမွေအနှစ်ကို သတိဖြင့် ကိုင်တွယ်ပါ။ အထူးသဖြင့် ရေစိုနေချိန်တွင် ပျက်စီးလွယ်သည်။

အမြန်အကြံပြုချက်များ

လေအနည်းငယ်မှုတ်ပြီး အခြောက်ခံခြင်းက သင်တန်ဖိုးထားသည့် အရာများအတွက် အကောင်းဆုံးဖြစ်ပြီး ဖြစ်နိုင်ပါက အိမ်ထဲတွင် ပြုလုပ်ပါ။ ဆံပင်အခြောက်ခံစက်၊ မီးပူ၊ မုန့်ဖုတ်မီးဖိုနှင့် နေရောင်အောက်တွင် ကြာရှည်စွာ အခြောက်ခံခြင်းသည် ပြန်ပြင်၍မရနိုင်သော ပျက်စီးမှုကို ဖြစ်စေသည်။ အိမ်အတွင်းတွင် ပန်ကာဖြင့်လည်းကောင်း၊ ပြူတင်းပေါက်များကို ဖွင့်ခြင်းဖြင့် လည်းကောင်း၊ အအေးပေးစက်၊ စိုထိုင်းမှုလျှော့ချသည့် စက်များကို အသုံးပြုခြင်းဖြင့် လေဝင်လေထွက် ပိုကောင်းစေသည်။

ဓာတ်ပုံများ၊ စာရွက်များ၊ စာအုပ်များနှင့် အဝတ်အထည်များကို ၄၈ နာရီအတွင်း သင်က အခြောက်မခံနိုင်ပါက အခဲခံသင့်သည်။ ပစ္စည်းများကို အခဲခံသည့်စက္ကူဖြင့် ပတ်ပြီး ရေခဲမရိုက်သော အခဲခန်းတွင် အနိမ့်ဆုံးအအေးမှတ်ဖြင့် ထည့်ထားပါ။

ဓာတ်ပုံများ

  • စိုနေသော ဓာတ်ပုံများနှင့် နက်ကတစ်များ ကပ်နေလျှင် မခွာပါနှင့်။
  • အချိန်ရလျှင် သင့်ဓာတ်ပုံများကို ဓာတ်ပုံပြန်ရိုက်ခြင်းဖြင့် မိတ္တူရနိုင်သည်။
  • ဓာတ်ပုံကို ဖြစ်နိုင်ပါက သောက်ရေသန့်ဖြင့် အသာအယာလောင်းပြီး သို့မဟုတ် သောက်ရေသန့်မရနိုင်ပါက သန့်ရှင်းသည့်ရေဖြင့်လောင်းပြီး သန့်စင်ပါ။
  • ပလတ်စတိတ် ဇကာပေါ်တွင် လေဖြင့် အခြောက်ခံပါ သို့မဟုတ် စက္ကူလက်သုတ်ပုဝါဖြင့် အခြောက်ခံပါ သို့မဟုတ် ပလတ်စတိတ်ကလစ်ဖြင့် အဝတ်တန်းတွင် ချိတ်ပါ။
  • ခြောက်သွားသည့် ပုံများကို အခြားပစ္စည်း၏ မျက်နှာပြင်များပေါ် မတင်ပါနှင့်။

ထပ်ဆောင်း ပီဒီအက်ဖ် ရင်းမြစ်များ

စာအုပ်များ

  • အကယ်၍ သင်သည် ရေဆိုးဖြင့် ထိတွေ့ထားသည့်စာအုပ်များရှိပါက ၎င်းတို့သည် သင့်ကျန်းမာရေးကို ထိခိုက်နိုင်သည်။ ၎င်းတို့ကို လွှင့်ပစ်ပါ သို့မဟုတ် ကျွမ်းကျင်သည့် ထိန်းသိမ်းတတ်သူ၏ အကြံဉာဏ်ကို ရယူပါ။
  • ဖုန်များသည့်အကာများကို သီးခြားအခြောက်ခံပါ။
  • စက္ကူပုဝါများကို စိုနေသည့် စာအုပ်၏ စာရွက်များအကြားတွင် ထည့်ပါ။
  • စိုထိုင်းသော သို့မဟုတ် တစ်စိတ်တစ်ပိုင်းစိုနေသော စာအုပ်များအတွက် အကယ်၍ စာအုပ်များက ရွှံ့ပေးနေခြင်း၊ သံချေးစွဲနေခြင်း၊ ရေငံထိထားခြင်းဖြစ်ပါက သာအုပ်ကို တစ်အုပ်ချင်း ရေသန့်ဖြင့် လောင်းဆေးပါ။ ရေပုံး သို့မဟုတ် ရေသန့်ရှင်းသော ရေဘုံဘိုင်တွင်ဆေး၍ စာအုပ်ကို သေချာစွာကိုင်ပြီး ရေစစ်ပါ။

ထပ်ဆောင်း ပီဒီအက်ဖ် ရင်းမြစ်များ

စာရွက်စာတမ်း၊ ပုံနှိပ်၊ စာရွက်များ

  • ပန်းချီကားများနှင့် ပုံနှိပ်များကို ဘောင်မှဖြုတ်ပါ
  • စိုနေသော စာရွက် အနည်းငယ်သာရှိပါက လေသလပ်ပြီး အခြောက်ခံပါ။ အကယ်၍ နေရာအလုံအလောက်ရှိပါက စိုနေသောအရာအားလုံးကို လေသလပ်ခံပါ။
  • စာရွက်တစ်ရွက်စီကို သို့မဟုတ် စာရွက်အနည်းငယ်စီကို တစ်လက်မ၏ လေးပုံတစ်ပုံခန့် ပုံ၍ လေသလပ်ခံပါ။
  • စာရွက်စာတမ်းများ အလွန်များပြားပြီး လေသလပ်ရန် အခြေအနေမရှိသေးပါက အခဲခံပါ။ ဤလုပ်ဆောင်ချက်များသည် သီတင်းပတ်အချို့မှ လများစွာချီပြီး ကြာနိုင်သည်။

ထပ်ဆောင်း ပီဒီအက်ဖ် ရင်းမြစ်များ

အချက်အလက်စာမျက်နှာများ

ရေကြီးမှု၊ ဟာရီကန်း၊ မုန်တိုင်း သို့မဟုတ် မီးတို့ကြောင့် ဘဝများ ကမောက်ကမဖြစ်ချိန်တွင် မိသားစုအမွေအနှစ်များ၊ ဓာတ်ပုံများနှင့် အခြားသိမ်းထားစရာများက ပို၍ တန်ဖိုးကြီးပါသည်။ အမွေအနှစ် အရေးပေါ် နိုင်ငံတော်လုပ်ငန်းအဖွဲ့သည် ကျွမ်းကျင်ပညာရှင်များထံမှ အောက်ပါ အခြေခံလမ်းညွှန်များကို အပျက်အစီးများကြားမှ မိမိတို့မိသားစု၏ အမွေအနှစ်များကို ရှာဖွေတွေ့ရှိသူများအား မျှဝေပါသည်။

မီးလောင်ပြိးနောက်- မိသားစုအတွက် တန်ဖိုးထားသော အရာများကို ရှာဖွေခြင်း အကြံပြုချက်

ရေလွှမ်းမိုးပြီးနောက်- ပျက်စီးသွားသော မိသားစုဘဏ္ဍာများကို ကယ်တင်ခြင်းအတွက် အကြံပြုချက်

ရေစိုပျက်စီးသည့် မိသားစုတန်ဖိုးထားရာအရာများနှင့် အမွေအနှစ်များ

ထပ်ဆောင်းရင်းမြစ်များ

၁၉၉၅ ခုနှစ်ကတည်းကပင် လုပ်ငန်းအဖွဲ့သည် တစ်ဦးချင်းနှင့် ယဉ်ကျေးမှုအသိုင်းအဝိုင်းဖြစ်သည့် - ပြတိုက်များ၊ စာကြည့်တိုက်များ၊ မော်ကွန်းတိုက်များ၊ ယဉ်ကျေးမှအဖွဲ့အစည်းများ၊ မှတ်တမ်းရုံးများ စသည်တို့အား - လမ်းညွှန်မှုများနှင့် နည်းပညာဆိုင်ရာ အကူအညီများကို ကပ်ဘေး မတိုင်မီ၊ ကပ်ဘေးကာလနှင့် နောက်ပိုင်းတို့တွင် ပံ့ပိုးပေးအပ်နေခဲ့ပါသည်။

ရင်းမြစ်အများအပြားသည် လုပ်ငန်းအဖွဲ့၏ ဝဘ်စာမျက်နှာတွင် ရှိရာ အောက်ပါတို့လည်း အပါအဝင်ဖြစ်သည်-

ကပ်ဘေးဒဏ်ကြောင့် ပျက်စီးနိုင် သို့မဟုတ် ထိခိုက်နိုင်သော— အမေရိကန်နိုင်ငံနှင့် ပြည်ပ — ရှိ ယဉ်ကျေးမှု အမွေအနှစ်များ အကြောင်း ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ပါတနာဝဘ်ဆိုက်ဖြစ်သော စမစ်ဆိုးနီးယန်း ယဉ်ကျေးမှု ကယ်တင်ရေးလုပ်ဆောင်ချက် တွင် ကြည့်ပါ။

နောက်ဆုံးအချက်အလက်