စေတနာ့ဝန်ထမ်းနှင့် လှူဒါန်းခြင်း

ကပ်ဘေးဒဏ်ခံရပြီးနောက် လူများက စုဝေးလာရောက်ကူညီကြပါသည်။ သင့်ကူညီမှုများ အထိရောက်ဆုံးဖြစ်ရန်အတွက် လှူဒါန်းခြင်းနှင့် စေတနာ့ဝန်ထမ်းလုပ်အားပေးခြင်းတို့ကို တာဝန်သိသိ လုပ်ဆောင်ရန် လမ်းညွှန်မှုများကို လိုက်နာရန် အရေးကြီးပါသည်။ အောက်ပါ ဆောင်ရန် ရှောင်ရန် အချက်များက သင့်အား စတင်ရန် အကူအညီပေးပါလိမ့်မည်။

သင်သည် FEMA အလှူဌာန သို့လည်း အီးမေးလ်ပို့ပြီး သင့်မေးခွန်းအတွက် အဖြေကို ရနိုင်ပါသည် သို့မဟုတ် လိုအပ်သည်များကို လှူဒါန်းနိုင်ပါသည်။

ငွေသားက အကောင်းဆုံး ဖြစ်သည်

အသိအမှတ်ပြုထားသော ကပ်ဘေးကယ်တင်ရေးအဖွဲ့အစည်းများ အား ငွေကြေးအရ ပံ့ပိုးခြင်းသည် အမြန်ဆုံးနှင့် အလွယ်ကူဆုံး၊ အထိရောက်ဆုံးနည်းဖြင့် လှူဒါန်းခြင်းဖြစ်သည်။ ဖြစ်ပွားရာနေရာသို့ရောက်နေသော အဖွဲ့အစည်းများသည် မည်သည့်ပစ္စည်းကို မည်မျှလိုအပ်ကြောင်း သိရှိပြီး လျှော့ဈေးဖြင့် အများအပြားဝယ်ယူနိုင်သည်။ ဖြစ်နိုင်ပါက ကပ်ဘေးသင့်ဒေသအတွင်းရှိ လုပ်ငန်းများထံမှ ဝယ်ယူသဖြင့် စီးပွားရေးအရ ပြန်လည်ထူထောင်နိုင်ရန် အကူအညီဖြစ်စေပါသည်။

အလှူဒါန အမျိုးမျိုး- မည်သည်အရာ၊ မည်သည့်နေရာ၊ မည်သည့်အချိန် ဆိုသည်ကို အတည်ပြုပါ

လှူဒါန်းသည့် ပစ္စည်းများကို လိုအပ်ပါသည်။ သို့သော်သေချာစွာစဉ်းစား စီစဉ်ခြင်းမရှိပါက အလှူပစ္စည်းများသည် အခက်အခဲကြီးမားနေသော အသိုင်းအဝိုင်းကို ဝန်ပိစေပါသည်။ မည်သည့်အရာများ လိုအပ်သည်၊ မည်သည့်နေရာတွင် လိုအပ်သည်၊ ၎င်းနေရာသို့ အချိန်မီ ပို့ဆောင်နိုင်သည် တို့ကို ဆောင်ရွက်နိုင်ခြင်းက ပဓာနကျပါသည်။ အရေးတကြီး လိုအပ်နေသည့် အရာများသည် အမြန်အဆန်ပင် ပြောင်းလဲနေတတ်ပါသည်။ မစုဆောင်းမီ၊ မည်သည့်အရာများ လိုအပ်နေသည်ကို အရင် အတည်ပြုပါ။

  • အရာအားလုံးကို မလိုအပ်ပါ။ အဝတ်ဟောင်းများကို မည်သောအခါမှ မလိုအပ်ပါ။
  • အထုတ်လိုက် လှူဒါန်းခြင်းက အကောင်းဆုံးဖြစ်သည်။ အမျိုးအစားတစ်ခုတည်းကို အထုတ်ကြီးဖြင့် စီ၍ ဗူးဖြင့် ပို့နိုင်သည်။
  • အချိန်က အရေးကြီးပါသည်။ စောလွန်း နောက်ကျလွန်းလျှင် အသုံးမဝင်ပါ။
  • သယ်ယူပို့ဆောင်ရေး အလုပ်လုပ်ရန် လိုပါသည်။ လိုအပ်သည့်နေရာသို့ မည်သို့ ပို့နိုင်မလဲ။

စေတနာ့ဝန်ထမ်း ကူညီသူများနှင့် ချိတ်ဆက်ပါ

alert - warning

ကပ်ဘေးသင့်ဒေသသို့ မိမိဖာသာစီစဉ် သွားရောက်လုပ်ဆောင်ခြင်း မပြုပါနှင့်။

ယုံကြည်ရသော အဖွဲ့အစည်းများ သည် ဘေးသင့်ဒေသတွင် လုပ်ဆောင်လျက်ရှိရာ မည်သည့်နေရာများတွင် လုပ်အားပေးလိုအပ်ကြောင်း သိကြသည်။ ဘေးဒဏ်ပေါ် မူတည်ပြီး လက်ရှိအခြေအနေတွင် စေတနာ့ဝန်ထမ်းလုပ်အားပေးများသည် အကူအညီများစွာဖြစ်စေပြီး ဘေးဒဏ်သင့်သူများ၏ ဘဝများ ပုံမှန်အနေအထားသို့ ပြန်ရောက်ရန် အကူအညီဖြစ်ပါသည်။ ကောင်းမွန်စွာဖွဲ့စည်းပြီးဖြစ်သည့် ပရဟိတအဖွဲ့အစည်းများနှင့် ပူးတွဲလုပ်ဆောင်ခြင်းဖြင့် လုံခြုံဘေးကင်းစေပြီး လေ့ကျင့်သင်ကြားမှုနှင့် ကျွမ်းကျင်မှုများက အကျိုးဖြစ်ထွန်းနိုင်ပါသည်။

ဘေးဒဏ်မှ ပြန်လည်နလံထူခြင်းသည် မီဒီယာများ၏ သတင်းတင်ပြသည့် ကာလများထက် များစွာ ပိုမိုကြာမြင့်ပါသည်။ ကပ်ဘေးနောက်ပိုင်းတွင် လုပ်အားပေးများကို လပေါင်းများစွာ လိုအပ်နေဦးမည်ဖြစ်ပြီး နှစ်ပေါင်းများစွာလည်း ကြာမြင့်နိုင်သည်။ သင်၏ အကူအညီကို ကပ်ဘေးဒဏ်သင့်ပြီးနောက်ပိုင်း အချိန်အတော်ကြာအထိ လိုအပ်နေပါသည်။

သင်ဘယ်လို ကူညီနိုင်သလဲ

Graphic
An email icon.

သင်လှူဒါန်းနိုင်သော ပစ္စည်းများရှိလျှင်၊ ပရဟိတအဖွဲ့များအား ပံ့ပိုးရန်အတွက် လုပ်အားပေးရန် အချိန်ရှိလျှင် သို့မဟုတ် ငွေကြေးကူညီနိုင်လျှင် FEMA အလှူဌာန သို့ အီးမေးလ်ပို့ပြီး စုံစမ်း မေးမြန်းနိုင်ပါသည်။ အခြားသူများကို ကူညီရန်အတွက် သင့်အား ကျွန်ုပ်တို့ ကူညီလိုပါသည်။

ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများစာရင်း၊ လှူဒါန်းရန် ထပ်ဆောင်း အချက်အလက်များနှင့် အခြား ရင်းမြစ်များကို ရှာရန် ကပ်ဘေးဒေသတွင် လှုပ်ရှားနေကြသော နိုင်ငံတော် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ တွင် ဝင်ကြည့်ပါ။

နောက်ဆုံးအချက်အလက်