တိုက်ရိုက်ကြေညာချက်စာသား
ဗီဒီယိုနှင့် ဓာတ်ပုံများ
ကပ်ဘေးဆိုင်ရာ စာတိုမက်ဆေ့ဂျ်ပို့ခြင်း ရင်းမြစ်အတွဲ
ပုံကားချပ်များ
ဤစာမျက်နှာပေါ်ရှိ ရင်းမြစ်များသည် ပြင်ပမှ ပူးတွဲလုပ်ဆောင်သည့် ပါတနာများနှင့် မီဒီယာများအတွက် ကပ်ဘေး ပြန်လည်နလံထူရေးဆိုင်ရာ အကြောင်းအရာများကို ကပ်ဘေးအတွင်းနှင့် ကပ်ဘေးနောက်ပိုင်းတွင် လူမှုရေးပုံကားချက်များ၊ လက်ကမ်းစာစောင်များ၊ ကြေညာချက်စာသားများ၊ ဖွင့်ကြည့်နိုင်သည့် ဗီဒီယိုများ၊ ပုံကားမာျးကို ဘာသာပေါင်းစုံဖြင့် မျှဝေနိုင်ရန် အကောင်းဆုံးဖြစ်ပါသည်။
တိုက်ရိုက်ကြေညာချက်စာသား

ကျွန်ုပ်တို့၏တိုက်ရိုက်ကြေညာချက်စာသားကို ဘာသာအများအပြားဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပြီး FEMA အကူအညီကို မည်သို့လျှောက်ထားနိုင်ကြောင်း သင့်အသိုင်းအဝိုင်းနှင့် ဆက်သွယ်၍ ကူညီနိုင်မည်ဖြစ်သည်။
ဗီဒီယိုနှင့် ဓာတ်ပုံများ
FEMA သည် နိုင်ငံအနှံ့ ကပ်ဘေးဖြစ်ပွားရာနေရာများသို့ ဝန်ထမ်းများကို ထောင်နှင့် ချီ၍ ချထားပါသည်။ ကျွန်ုပ်တို့၏ DVIDS စနစ်တွင် တုံ့ပြန်လုပ်ဆောင်ချက်ဆိုင်ရာ နောက်ဆုံး ဗီဒီယိုနှင့် ဓာတ်ပုံများကို ဝေမျှထားပါသည်။
ယူကျူ့ပေါ်ရှိ FEMA
ကပ်ဘေးအကူအညီဆိုင်ရာ သတင်းအချက်အလက်များ ရယူပြီး ကပ်ဘေးဒဏ်သင့်သူများအား ပြန်လည်နလံထူရေး ဖြစ်စဉ်တွင် ကူညီပေးရန်အတွက် FEMA ၏ ဗီဒီယို စာရင်းကို ယူကျူ့တွင် ကြည့်ပါ။
ကပ်ဘေးအကူအညီအကြောင်း ပုံကားများနှင့် PSA များ (အင်္ဂလိပ်နှင့် စပိန်)
ပုံကားများနှင့် PSA များအားလုံး ကြည့်ရန်

အမေရိကန် လက်ဟန်သုံးစကားပြောခြင်း (ASL) ဗီဒီယိုများ
ASL ဗီဒီယိုအားလုံးကြည့်ရန်


FEMA တိုက်ရိုက်လွှင့်ခြင်း
လက်ရှိတွင် တိုက်ရိုက်ထုတ်လွှင့်ချက် မရှိပါ။
ယခင်တိုက်ရိုက်ထုတ်လွှင့်ချက်ကြည့်ရန်
ကပ်ဘေးဆိုင်ရာ စာတိုမက်ဆေ့ဂျ်ပို့ခြင်း ရင်းမြစ်အတွဲ
ဆက်သွယ်ဆောင်ရွက်ခြင်းသည် ကပ်ဘေးကာလနောက်ပိုင်းတွင် အကန့်အသတ် ရှိနိုင်သည်။ ကပ်ဘေးဒဏ်ခံရသူများအား စာသားမက်ဆေ့ဂျ်သာ ပေးပို့နိုင်သည့် နေရာများတွင် သတင်းအချက်အလက်များကို စာသားမက်ဆေ့ဂျ်ဖြင့် မျှဝေနိုင်ရန် ဤရင်းမြစ်အတွဲက ကမ်းလှမ်းထားပါသည်။
ပုံကားချပ်များ
အိမ်သို့ပြန်သွားခြင်းနှင့် ရှင်းလင်းခြင်း - နမူနာ စာသား
- သတင်းအချက်အလက်များနှင့် အထူးပြု ညွှန်ကြားချက် များအတွက် ဒေသဆိုင်ရာ တာဝန်ရှိသူများ ကို အာရုံစိုက် ပါ။ အကယ်၍သင်သည် နေအိမ်ကို စွန့်ခွာခဲ့ပါက ၎င်းတို့ ထံမှ ဘေးကင်းလုံခြုံပြီဖြစ်ကြောင်း ပြောမှသာအိမ်သို့ ပြန်သွားပါ။ အခြားသော အကြံပြုချက်များအတွက် Ready.gov/hurricanes သို့သွားကြည့်ပါ။
- လျှပ်စစ်ပစ္စည်းများကို ရေစိုနေဆဲဖြစ်ပါက သို့မဟုတ် သင်သည် ရေထဲတွင် ရပ်နေပါက သွား၍ မထိမကိုင်ပါ နှင့်။ အကယ်၍ ယင်းသို့လုပ်ရန် ဘေးကင်း လုံခြုံပါက ဓာတ်မလိုက်စေရန် လျှပ်စစ်အဓိကမိန်းခလုပ် သို့မဟုတ် ဖျူ့စ် ကို ပိတ်ပြီး မှ ဆောင်ရွက်ပါ။
- ရေလွှမ်းနေစဉ် ရေထဲလျှောက် မသွားပါနှင့်၊ ယင်းတွင် အန္တရာယ်ရှိသော ပိုးမွှားများပါရှိနိုင်ပြီး ဖျားနာမှုဖြစ်စေ နိုင်သည်။ ထို့အတူ ယင်းရေတွင် အမှိုက်သရိုက်များ၊ ဓာတူပစ္စည်းများ၊ အညစ်အကြေးများနှင့် တောရိုင်း တိရိစ္ဆာန်များပါရှိနိုင်သည်။မြေအောက် သို့မဟုတ် ရေမြုပ် နေသော လျှပ်စစ်ဓာတ်အားလိုင်းများ ပေါက်ပြီး ရေထဲသို့ လျှပ်စစ်ကူးနေနိုင်သည်။
- သန့်ရှင်းရေးလုပ်ချိန်တွင် သတိပြုပါ။ အကာအကွယ် အဝတ်အစားများဝတ်ဆင်ပြီး ဖြစ်နိုင်ပါက အခြား တယောက်နှင့် အတူလုပ်ဆောင်ပါ။ အကယ်၍ မှိုများ ရှင်းလင်းခြင်း သို့မဟုတ် အခြားသော အမှိုက်သရိုက်များ ရှင်းလင်းခြင်း လုပ်ပါက သင့်တော်သည့် မျက်နှာဖုံးသို့ နှာခေါင်းစည်းများ ဝတ်ဆင်ပါ။ ပန်းနာရင်ကြပ်ရှိသူများ နှင့် အခြားသော အဆုပ်ရောဂါရှိသူများ နှင့် /သို့မဟုတ် ကိုယ်ခံစွမ်းအားကျဆင်းသူများသည် မှိုနှင့် ဓာတ်မတည့်မှု မရှိသည့်တိုင်အိမ်တွင်းရေယိုစိမ့်မှုရှိနေသော အဆောက် အဦများ သို့မဟုတ် မြင်သာသည့် သို့ဟုတ် အနံ့ထွက်နေ သည့် ၊ မှိုများပွားများနေသော နေရာများသို့ မဝင်ရောက် သင့်ပါ။ ကလေးသူငယ်များသည် သဘာဝဘေးအန္တရာယ် ရှင်းလင်းရေးလုပ်ငန်းများတွင် မပါဝင်ရပါ။