COLUMBIA, S.C. – South Carolina တွင် Hurricane Helene သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများဖြစ်သည့်Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများအပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များ အတွက် အခမဲ့ တရားရေးအထောက်အကူရနိုင်ပါသည်။
သင်အကူအညီလိုအပ်ပါက (803) 799-6653 ext 120 သို့မဟုတ် (803) 576-3815သို့ နံနက် 8:30 နာရီ- မွန်းတည့်ချိန်၊ နေ့လည် 1:00 နာရီ - ညနေ 4:30 နာရီ အချိန် တနင်္လာနေ့မှ သောကြာနေ့အထိဖုန်းခေါ်နိုင်သည်။ ရုံးချိန်ပြင်ပအချိန်များဖြစ်ပါက သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများအနေနှင့် သတင်းစကားချန်ထားနိုင်သည်။ သတ်မှတ်ချက်နှင့်ကိုက်ညီသော ကောင်တီများတွင် ရှေ့နေအကျိုးဆောင်ခ မတတ်နိုင်သည့် ဘေးအန္တရာယ်မှလွတ်မြောက်လာသူများအတွက် အခမဲ့ တရားရေးဝန်ဆောင်မှုများနှင့် ဆက်သွယ်နိုင်ရန် Hotline ဝန်ဆောင်မှုရနိုင် ပါသည်။
သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများအား တရားရေး အထောက်အကူအဖြစ် အောက်ပါနည်းလမ်းများဖြင့်ကူညီနိုင်ပါလိမ့်မည်။
- FEMA နှင့် SBA ငွေကြေးဆိုင်ရာအကျိုးခံစားခွင့်များ
- အိမ်ပြင်ဆင်ရေးကန်ထရိုက်များနှင့် အိမ်ရာပိုင်ဆိုင်မှုအာမခံလျော်ကြေးများ တောင်းခံခြင်း
- သဘာဝဘေးအန္တရာယ်အတွင်းဖျက်ဆီးခံလိုက်ရသော သေတမ်းစာများနှင့် အခြားသောအရေးကြီးသည့် တရားရေးဆိုင်ရာစာရွက်စာတမ်းများကို ပြန်လည်ဆောင်ရွက်ပေးခြင်း
- မတရားဈေးနှုန်းတင်ခံခြင်း၊ ရိုက်စားနည်းဖြင့်လိမ်ညာခံခြင်း၊ ကိုယ်ပိုင်အထောက်အထားများကိုခိုးယူခံရခြင်း
- အိမ်ရှင် သို့မဟုတ် အိမ်ငှား ပြဿနာများ၊ ပိုင်ဆိုင်ပစ္စည်းများအား သိမ်းယူမည်ဟု ခြိမ်းခြောက်ခံရမှုများ
- ဖယ်ဒရယ်၊ ပြည်နယ်နှင့် ဒေသခံရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အစီအစဉ်များအား မသန်စွမ်းသူများနှင့်ဆက်စပ်သည့် အခွင့်အလမ်းများ
သဘာဝဘေးအန္တရာယ်တရားရေးဝန်ဆောင်မှုများအစီအစဉ်သည် ပြည်နယ်နှင့် ဒေသခံမိတ်ဖက်များနှင့်အတူပူးပေါင်း၍ ၀င်ငွေနည်းသော သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများအား အခမဲ့တရားရေးအကူအညီပံ့ပိုးပေးသည်။ အမေရိကန်တရားရေးဝန်ထမ်းအဖွဲ့ အငယ်တန်းရှေ့နေများအစု၊ FEMA နှင့် အမျိုးမျိုးသောအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းရှေ့နေများအအကြား ပူးပေါင်းမိတ်ဖက်သည့် ဝန်ဆောင်မှုဖြစ်သည်။
Hotline မိတ်ဖက်များအနေနှင့် အမှုကိစ္စများအားလုံးကို ကူညီနိုင်မည် မဟုတ်ပါ။ ဥပမာ အမှုကြေးအေးစေရေးတွင် တရားရေးအကျိုးဆောင်ခများ သို့မဟုတ် ဆုကြေး လျော်ကြေးများပါဝင်သော အမှုများကို သဘာဝဘေးအန္တရာယ် တရားရေးဝန်ဆောင်မှုများအစီအစဉ်မှ ကိုင်တွယ်ဆောင်ရွက်ခြင်းမပြုနိုင်ပါ။ သို့ရာတွင် DLSအနေနှင့် ယင်းအမှုများကို အခြားသော ဥပဒေရေးရာအကူအညီထံလွှဲပြောင်းပေးနိုင်သည်။