COLUMBIA, S.C. – အကယ်၍ သင်သည် South Carolina တွင် ဟာရီကိန်း Helene ဘေးအန္တရာယ်မှလွတ်မြောက်လာပြီး ပြန်လည်ထူထောင် ရေးလမ်းကြောင်း ပေါ်ရောက်နေသူဖြစ်ပါက သင့်အနေနှင့် FEMA သည် ဤနေရာတွင် ရှိနေဆဲဖြစ်ကြောင်း သိထားသင့်ပါသည်။ FEMA သည် South Carolina အရေးပေါ်စီမံခန့်ခွဲရေးးဌာနနှင့်အတူ ပူးတွဲ ၍အာရုံစိုက်ထားသည်မှာ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရသည့် တဦးချင်းစီနှင့် လူမှုအသိုင်းအဝိုင်းအတွက် ရှေရှည် ပြန်လည်ထူထောင်ရေးကို ရှာဖွေတွေ့ရှိရန်ဖြစ်သည်။ ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများအနေနှင့် ၎င်းတို့၏လျှောက်ထားမှု နှင့် ပတ်သက်၍ မေးခွန်းများရှိပါက FEMA ထံသို့ ဆက်လက်ပြီး ဆက်သွယ်ရန် အွန်လိုင်း DisasterAssistance.govနှင့် မိုဘိုင်း ဖုန်းမှ FEMA Appကို အသုံးပြုခြင်း သို့မဟုတ် အခကြေးငွေမလိုသည့် ဖုန်း 800-621-3362 ကိုခေါ်ဆိုခြင်းပြုပါ။