ကောလဟာလ:ခြိမ်းခြောက်မှုများကြောင့် FEMAသည် မြောက်ကာရိုလိုင်းနားပြည်နယ်မှာရှိသောမုန်တိုင်းဒဏ်သင့်ဒေသတွေကနေ ပြန်လည်ရုပ်သိမ်းလိုက်ပါသည်။
အဖြစ်မှန်:
သည်အချက်သည် သတင်းမှားဖြစ်သည်။
FEMAသည် အကူအညီပေးဖို့ကြိုးပမ်းနေသော လူထုနှင့် FEMA ဝန်ထမ်းများ၏ဘေးကင်းလုံခြုံရေးအတွက် အသေအချာစီမံဆောင်ရွက်နေရင်း Helene မုန်တိုင်း ဘေးဒဏ်သင့်ခံရသောဒေသကလူများကို ထောက်ပံ့ကူညီမှုများ ဆက်လက်ပေးအပ်နေပါသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ မြောက်ကာရိုလိုင်းနားပြည်နယ်က FEMA ဝန်ထမ်းများကို ခြိမ်းခြောက်မှုများရှိနိုင်ကြောင်း အသိပေး အကြောင်းကြားမှုများ ရှိခဲ့ပါသည်။ FEMA သည် မုန်တိုင်းဘေးအန္တရာယ်သင့်ဒေသ သဘာဝဘေးအန္တရာယ်ကရှင်သန်လွတ်မြောက်သူများဆီသို့ အကူအညီရေးအဖွဲ့များကို အိမ်တိုင်ရာရောက်စေလွှတ်ပြီးတံခါးခေါက်ကာ ကူညီပေးနေခြင်းအစား သတ်မှတ်ထားသောနေရာများမှာ စခန်းချပြီး သူတို့ကို ဆက်လက်တွေ့ဆုံပြီး ကူညီပေးမည့်မူဝါဒသို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ပါသည်။
FEMA ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းရေးကို အာမခံနိုင်ရန်နှင့် မုန်တိုင်းပြီးအသက်ရှင်လွတ်မြောက်ခဲ့သူများအပေါ်အကူအညီပေးရေးလုပ်ငန်းတွေမှာ
ပိုမို အာရုံစိုက်လုပ်ကိုင်နိုင်ရန် အတွက် FEMA ကျင့်သုံးမြဲဖြစ်သော ကွင်းဆင်းအကူအညီပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းလမ်းစဥ်များအတိုင်း ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်ပါသည်။
FEMA သည် ဒေသတရားဥပဒေစိုးမိုးရေးအဖွဲ့များ၊ ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် မုန်တိုင်းသင့်ဒေသ အကူညီပေးရေးလုပ်ငန်းတွေကို အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး FEMA အဖွဲ့များသည် မုန်တိုင်းဘေးကအသက်ရှင်လွတ်မြောက်လာသူများ၏ အိမ်တံခါးအရောက် အကူအညီပေးရေးလုပ်ငန်းတွေကို အောက်တိုဘာ၁၄ရက်နေ့မှာ မကြာမီပြန်လည် စတင်မည်ဟု ကြေညာခဲ့ပါသည်။ FEMA သည်ခြိမ်းခြောက်မှုနှင့် သက်ဆိုင်သောသတင်းတွေကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပြီး ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပုံမှန်အတိုင်း ပူးပေါင်းပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို အတူညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။