ကောလဟာလ:FEMA က ဖလော်ရီဒါပြည်နယ်ရှိ လူများကို တားမြစ်ပိတ်ပင်နေပြီး လူများဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းကိုလည်း တားဆီးနေသည်။
အဖြစ်မှန်:
ဒီအချက်သည် သတင်းအမှားဖြစ်သည်။
FEMA သည် ဖလော်ရီဒါပြည်နယ်ရှိ လူများကို တားမြစ်ပိတ်ပင်ထားခြင်းလည်းမရှိသလို လူများဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းကိုမတားဆီးပါ။FEMA သည် ယာဉ်အသွားအလာပိတ်ဆို့မှုကို ထိန်းချုပ်ခြင်း သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင်များကလုပ်ဆောင်သည့် ယာဉ်အသွားအလာ ရပ်တန့်ခြင်းများကို လည်း လုပ်ဆောင်ခြင်း မရှိပါ။ဒီအချက်သည် လူတွေ၏ အသက်အန္တရာယ်ထိခိုက်စေနိုင်သော အန္တရာယ်ရှိသည့် ကောလာဟလသတင်းမှားတစ်ခုဖြစ်သည်။
သင်သည် ဖလော်ရီဒါ၏ အနောက်ဘက်ကမ်းရိုးတန်းနှင့် ဖလော်ရီဒါကျွန်းဆွယ်တွင်နေထိုင်ပါက သင်နှင့် သင်ချစ်ခင်ရသူများကို ကာကွယ်စောင့်ရှောက်ရန် ချက်ချင်းလုပ်စရာရှိသည်များကိုလုပ်ပါ။။ သင့်ဒေသဆိုင်ရာအာဏာပိုင်များ၏ လမ်းညွှန်ချက်ကို လိုက်နာပါ။ ဘေးလွတ်ရာသို့ ထွက်ခွာရန် အမိန့်ပေးလျှင် ချက်ချင်းလိုက်နာပါ။ ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် နှောင့်နှေးနေခြင်းသည် သင့်နှင့် အခြားသူများ၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည်။
ဒေသဆိုင်ရာတာဝန်ရှိသူများသည် ဘေးကင်းရာသို့ရွှေ့ပြောင်းမှုနှင့် အကူအညီပေးမည့်အရင်းအမြစ်များနှင့်ပတ်သက်လျှင် အကောင်းဆုံး အချက်အလက်ပေးနိုင်သည့် အရင်းအမြစ်များဖြစ်သည်။ အချက်အလက်များကိုပိုမိုသိရှိချင်ပါက Hurricane Milton | Florida Disaster.