GREENVILLE ကောင်တီရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာကို သောကြာနေ့တွင် ဖွင့်လှစ်မည် [https://www.fema.gov/my/press-release/20241011/disaster-recovery-center-greenville-county-open-friday] Release Date: အောက်တိုဘာလ 11, 2024 သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာသည် ဟာရီကိန်းမုန်တိုင်း ဟယ်လင် ဒဏ်ခံရသော SOUTH CAROLINAပြည်နယ် နေထိုင်သူများအား လူကိုယ်တိုင်အကူအညီပေးရန်အတွက် GREENVILLEကောင်တီတွင် အောက်တိုဘာ 11 ရက်၊ သောကြာနေ့၊ နံနက် 8 နာရီ အချိန်တွင် ဖွင့်လှစ်မည်ဖြစ်သည်။ စင်တာ တည်နေရာ - GREENVILLE ကောင်တီ Freetown Community Center  200 Alice Ave.   Greenville, SC 29611  လုပ်ငန်းလည်ပတ်ချိန်- နေ့စဉ် နံနက် 8 နာရီ–ည 7 နာရီအတွင်း ဖွင့်လှစ်ပါသည် အခြားမုန်တိုင်းဒဏ်သင့်ဒေသများတွင်နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာများကိုမကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည်။ FEMA၊ SOUTH CAROLINAပြည်နယ်နှင့် US အသေးစားစီးပွားရေးလုပ်ငန်းဆိုင်ရာစီမံကွပ်ကဲရေးအဖွဲ့တို့မှကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် ဖွင့်လှစ်ထားသော မည်သည့်စင်တာကိုမဆို သင်သွားရောက်နိုင်ပါသည်။ ရက်ချိန်း ရယူရန် မလိုအပ်ပါ။ အခြားစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/drc [http://www.fema.gov/drc] သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ Abbeville, Aiken, Allendale, Anderson, Bamberg, Barnwell, Chester, Cherokee, Edgefield, Greenville, Greenwood, Hampton, Kershaw, Jasper, Laurens, Lexington, McCormick, Newberry, Oconee, Orangeburg, Pickens, Richland, Saluda, Spartanburg, Union and York ကောင်တီများရှိ  အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင်  Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် ဖက်ဒရယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီအတွက် လျှောက်ထားနိုင်ပါသည်။ လျှောက်ထားရန် အမြန်ဆုံးနည်းလမ်းမှာ DisasterAssistance.gov [https://www.disasterassistance.gov/] သို့အွန်လိုင်းမှ လျှောက်ထားရန်ဖြစ်ပါသည်။ မိုဘိုင်းစက်ပစ္စည်းများတွင် FEMA အက်ပ်  [https://www.fema.gov/about/news-multimedia/mobile-products] သို့မဟုတ် ခေါ်ဆိုခ အခမဲ့ဖုန်းလိုင်း 800-621-3362 ကို အသုံးပြု၍လည်း လျှောက်ထားနိုင်ပါသည် ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယို ထပ်ဆင့်လွှင့်ဝန်ဆောင်မှု (VRS)၊ စာတန်းပါသော တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့သော ထပ်ဆင့်လွှင့်ဝန်ဆောင်မှုကို သင်အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ထံ ပေးပါ။ သဘာဝဘေးအန္တရာယ်ဆိုင်ရာပြန်လည်ထူထောင်ရေးစင်တာများသည်မသန်စွမ်းမှုများ သို့မဟုတ် သုံးစွဲနိုင်မှုနှင့် အခြေခံလှုပ်ရှားဆောင်ရွက်မှုဆိုင်ရာလိုအပ်ချက်များရှိသူများကိုလက်လှမ်းမီစေပြီး အထောက်အကူပြုနည်းပညာများ စီစဉ်ပေးထားပါသည်။ လျှောက်ထားပုံနှင့်ပတ်သက်၍ ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် FEMA သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီ လျှောက်ထားရန် နည်းလမ်းသုံးခု - YouTube  [https://www.youtube.com/watch?v=LU7wzRjByhI] သို့ ဝင်ရောက်ကြည့်ရှုပါ ။