တောင်ကယ်ရိုလိုင်းနားတွင် ဟာရီကိန်းမုန်တိုင်း HELENE အလွန်ကာလ လိမ်လည်မှုကို သတိထားပါ [https://www.fema.gov/my/press-release/20241009/be-alert-fraud-after-hurricane-helene-south-carolina] Release Date: အောက်တိုဘာလ 5, 2024 ATLANTA - သဘာဝဘေးမှ လွတ်မြောက်လာသူများအနေဖြင့် ဟာရီကိန်းမုန်တိုင်း Helene အလွန်ကာလတွင် လူလိမ်များနှင့် ပြစ်မှုကျူးလွန်သူများသည် လိမ်ညာ၍သော်လည်းကောင်း၊ အထောက်အထားခိုးယူခြင်းဖြင့်သော်လည်းကောင်း ငွေကြေးနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များခိုးယူရန် ကြိုးစားလာနိုင်ကြောင်း သိထားသင့်ပါသည်။ အချို့ဖြစ်စဉ်များတွင် သူခိုးများသည် သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံစားခဲ့ရသူများထံမှ ၎င်းတို့ခိုးယူထားသော အမည်များ၊ လိပ်စာများနှင့် လူမှုဖူလုံရေးနံပါတ်များကို အသုံးပြု၍ FEMA အထောက်အပံ့ကို လျှောက်ထားရန် ကြိုးစားကြပါသည်။ FEMA စစ်ဆေးရေးမှူးတစ်ဦး သင့်အိမ်သို့ လာရောက်ပြီး သင်သည် FEMA လျှောက်လွှာတင်ထားခြင်း မရှိပါက သင်၏ အချက်အလက်များကို သင်မသိဘဲ အသုံးပြု၍ FEMA လျှောက်လွှာတင်ထားခြင်း ဖြစ်နိုင်ပါသည်။ ယင်းသို့ ဖြစ်ပွားပါက စစ်ဆေးရေးမှူးအား သင့်အနေဖြင့် FEMA အထောက်အပံ့လျှောက်ထားခြင်း မရှိကြောင်း သတင်းပို့ပါ။ သို့မှသာ ၎င်းက လျှောက်လွှာအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရပ်တန့်ခွင့် တောင်းဆိုချက်ကို တင်နိုင်ပါမည်။  သင့်အနေဖြင့် အထောက်အပံ့ မလျှောက်ထားဘဲ FEMA ထံမှ စာတစ်စောင် ရရှိပါက FEMA အကူအညီပေးရေး ဖုန်းနံပါတ် 800-621-3362 သို့ ကျေးဇူးပြု၍ ခေါ်ဆိုပါ။ အကူအညီပေးရေးဌာနက အဆိုပါ လျှောက်လွှာအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရပ်တန့်ခွင့် တောင်းဆိုချက် ပေးပို့လိမ့်မည်။ သင်မသိဘဲ သင့်အမည်ဖြင့် ပြုလုပ်ထားသော လျှောက်ထားမှုကို ရပ်တန့်ပြီးနောက် သင့်အနေဖြင့် FEMA အထောက်အပံ့ လျှောက်ထားလိုပါက အကူအညီပေးရေး ဖုန်းလိုင်းက လျှောက်လွှာအသစ် ပြုလုပ်ရန် သင့်အား အကူအညီပေးပါမည်။ အလိမ်အညာရိုက်စားများ  FEMA သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများ အကူအညီပေးရေး (DSA) ဝန်ထမ်းများ၊ အိမ်များသို့ သွားရောက်သည့် စစ်ဆေးရေးမှူးများနှင့် အပူပိုင်းမုန်တိုင်း Helene ဒဏ်ကို ခံခဲ့ရသော ဒေသများတွင် အလုပ်လုပ်နေကြသော အခြားအရာရှိများသည် တရားဝင် ဓာတ်ပုံပါရှိသော အထောက်အထားကတ်များ ကိုင်ဆောင်ပါမည်။ FEMA ကိုယ်စားလှယ်များသည် သဘာဝဘေးအန္တရာယ်ထောက်ပံ့ကြေးလျှောက်ထားသူများ၏ဖောင်များကို စစ်ဆေးခြင်း သို့မဟုတ် ဖောင်ဖြည့်ရာတွင် ကူညီပေးရခြင်းများအတွက် မည်သည့်အခါတွင်မှ အခကြေးငွေကောက်ခံမည်မဟုတ်ပါ။ ၎င်းတို့၏ ဝန်ဆောင်မှုများသည် အခမဲ့ ဖြစ်သည်။ အခကြေးငွေပေးပါက သဘာဝဘေးအန္တရာယ်ထောက်ပံ့ကြေးရမည်ဟု ကတိပေးသူများအား မယုံကြည်ပါနှင့်။  FEMA အိမ်ရာစစ်ဆေးရေးမှူးဟုဆိုပြီး သင့်ဘဏ်အချက်အလက်ကို တောင်းဆိုလာသူကိုလည်း အချက်အလက်မပေးပါနှင့်။ သင့်ငွေကြေးဆိုင်ရာ အချက်အလက်အား ကောက်ခံပိုင်ခွင့်ကို FEMA စစ်ဆေးရေးမှူးများအား မည်သည့်အခါကမှ ပေးအပ်ထားခြင်းမရှိပါ။  သင်သည် လိမ်လည်မှုတစ်ခုတွင် နစ်နာသူဖြစ်သည်ဟု ယုံကြည်ပါက ၎င်းကို သင်၏ ဒေသတွင်း ရဲ သို့မဟုတ် ငြိမ်ဝပ်ပိပြားရေး ဌာနသို့ ချက်ချင်းသတင်းပို့ပါ။ လိမ်လည်မှု၊ ဖြုန်းတီးမှု သို့မဟုတ် အလွဲသုံးစားမှုနှင့်ပတ်သက်၍ သင် သိရှိထားသည်များရှိပါက အဆိုပါ အချက်များကို –တစ်ရက်လျှင် 24 နာရီ၊ တစ်ပတ်လျှင် ခုနစ်ရက်– FEMA သဘာဝဘေးအန္တရာယ်ဆိုင်ရာ လိမ်လည်မှု ဟော့လိုင်းဖုန်းနံပါတ်  866-720-5721 သို့ သတင်းပေးပို့နိုင်ပါသည်။ အချက်တစ်ခုကို သတင်းပေးပို့ရန်အတွက် StopFEMAFraud@fema.dhs.gov သို့လည်း အီးမေးလ် ပေးပို့ နိုင်ပါသည်။  တောင်ကယ်ရိုလိုင်းနား၏ ပြန်လည်ထူတောင်ရေးအကြောင်း နောက်ဆုံးရအချက်အလက်များအတွက် fema.gov/disaster/4829 [https://www.fema.gov/disaster/4829] တွင် ဝင်ရောက်ကြည့်ရှုပါ။ FEMA အား X ပေါ်တွင် x.com/femaregion4 [https://x.com/femaregion4] ၌လည်းကောင်း သို့မဟုတ် Facebook ပေါ်တွင် facebook.com/fema [http://www.facebook.com/fema] ၌လည်းကောင်း ဖော်လိုလုပ်ပါ။